Monday, October 31, 2016
ဟာဇက်၊ ကော်စတာတို့၏ သွင်းဂိုးဖြင့် ဆောက်သမ်တန်ကို ချဲလ်ဆီး အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် ချဲလ်ဆီးနဲ့ ဆောက်သမ်တန်တို့ အောက်တိုဘာ ၃၀ ရက်ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ဟာဇက်၊ ကော်စတာတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲမှာ နှစ်သင်းစလုံး အမာခံ ကစားသမား အစုံ အလင်နဲ့ ပွဲထွက် ယှဉ်ပြိုင် ခဲ့ကြတာပါ။
ဆောက်သမ်တန်ဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်တွေမှာ ချဲလ်ဆီးကို မယှဉ်နိုင်ဘဲ ဖြစ် ခဲ့ပါတယ်။
ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆ မိနစ်မှာ ဟာဇက်နဲ့ ၅၅ မိနစ်မှာ ဒီယေဂိုကော်စတာတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ခြေစွမ်းပြပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ဟာဇက်ကို ဒီပွဲအတွက် အကောင်းဆုံးကကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ပွဲစဉ် ၁၀ အပြီးမှာတော့ ချဲလ်ဆီးက ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဆောက်သမ်တန်ကတော့ ၁၃ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/174103
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment