Tuesday, November 1, 2016
တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ရီးရဲလ် သက်တမ်းတိုး စာချုပ်ချုပ်
ရီးရဲလ် မက်ဒရစ် တောင်ပံ တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ၂၀၂၂ ခုနှစ် အထိ အသင်းမှာ ရှိစေမယ့် သက်တမ်းတိုး စာချုပ် ချုပ်လိုက်ပါတယ်။
ဝေးလ် လက်ရွေးစင် ကစားသမား ဘေးလ် အနေနဲ့ တနှစ်လုပ်ခ ပေါင် ၁၈ သန်း အထိ တိုးမြှင့် ရရှိမှာဖြစ်ပြီး တပတ်လုပ်ခ အဖြစ် ပေါင် ၃ သိန်း ၄ သောင်း ၆ ထောင် ရရှိမှာ ဖြစ်ပါတယ်။
လက်ရှိ အသက် ၂၇ နှစ် ရှိနေပြီ ဖြစ်တဲ့ ဂါရတ်ဘေးလ် အနေနဲ့ သူ့အသက် ၃၃ နှစ် အထိ ရီးရဲလ် မက်ဒရစ် အသင်းမှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဂါရတ်ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၅ သန်းနဲ့ စပါးအသင်း ကနေ ရီးယဲလ် အသင်းဆီ ပြောင်းရွှေ့သွားတာဖြစ်ပြီး လက်ရှိ အချိန် အထိ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပွဲပေါင်း ၁၃၅ ပွဲမှာ ၄၈ ကြိမ် ဂိုးဖန်တီးပြီး ၆၂ ဂိုး သွင်းယူ ထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/174222
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment