
အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ပွဲစဉ် ၁၂ အဖြစ် မစ်ဒယ် ဘရော့နဲ့ ချဲလ်ဆီးတို့ နိုဝင်ဘာ ၂၀ ရက်ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက တိုက်စစ်မှူး ကော်စတာရဲ့ တလုံး တည်းသော ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေး ဇယားထိပ်ကို တက်လှမ်းနိုင် ခဲ့ပါတယ်။
မစ်ဒယ်ဘရော့အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ နှစ်ဘက် အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြလို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ မတိမ်းမယိမ်း ရှိခဲ့ပါတယ်။
ချဲလ်ဆီးဟာ နည်းပြသစ် ကွန်တီလက်ထက်မှာ ပုံစံကောင်းပြသနေသလို ၆ ပွဲဆက်အနိုင်ရရှိမှုနဲ့အတူ အမှတ်ပေးဇယားထိပ်က လီဗာပူးအသင်း သရေကျသွားတာကို အခွင့်ကောင်းယူပြီး ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့တာပါ။
ဒီနေ့ပွဲမှာ တလုံးတည်းသောအနိုင်ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ကော်စတာကိုတော့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/176925





No comments:
Post a Comment