
စနေနေ့ည ပရီးမီးယား လိဂ် ပွဲစဉ် များတွင် တိုက်စစ်မှူး ဟယ်ရီကိန်း၏ နောက်ကျ သွင်းဂိုး နှစ်ဂိုးနှင့် အတူ စပါးက ၀က်စ် ဟမ်းကို ၃-၂ ဂိုးဖြင့် နိုင်ပြီး မန် စီးတီး ကလည်း ခရစ္စတယ် ပဲလေ့စ်ကို ယာယာ တိုရေး၏ သွင်းဂိုး နှစ် ဂိုးဖြင့် အဝေးကွင်း၌ အနိုင် ရရှိခဲ့ သည်။
သို့သော် ချန်ပီယံ လက်စတာ သည် ၀က်ဖို့ဒ် အိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
အိမ်ရှင်ဝက် ဖို့ဒ်သည် ပွဲအစ တစ်မိနစ်မှာပင် ဦးဆောင်ဂိုး ရခဲ့ပြီး ၁၂ မိနစ်တွင် ဒုတိယဂိုး သွင်းယူခဲ့သည်။ လက်စတာ အတွက် တစ်လုံးတည်း သော ချေပဂိုးကို မာရက်ဇ်က သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးတွင် အသင်း ခေါင်းဆောင်ကွန်ပနီထပ်မံချန် လှပ်ခံရပြီး ပထမဆုံးပြန်လည်ပါဝင်ကစားခွင့်ရသော ယာယာတိုရေး၏ ခြေစွမ်းပြမှုနှင့်အတူ ပဲလေ့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
တိုရေးကို မန်စီးတီးပရိသတ် များက ချီးကျူးခဲ့ကြပြီး ၎င်း၏ ခြေစွမ်းအဆင့်အတန်းကို အမြဲတမ်းပြသနိုင်သူဖြစ်သည်ဟု ပြောသည်။
ယင်းပွဲအပြီးတွင် တိုရေးက မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် အသင်းဖော်များကို ကျေးဇူးတင် ကြောင်း ပြောကြားသည်။
‘‘ကျွန်တော်ပြန်ပြီး ကစား ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာ ပါတယ်။ ရာသီကုန်ချိန်မှာ ဖလား ရမယ်ဆိုရင်တော့ သိပ်ကို ကြီး ကျယ်တဲ့ စွမ်းဆောင်မှုဖြစ်ပါလိမ့် မယ်’’ဟု တိုရေးက ပြောသည်။
နောက်ပွဲစဉ်တစ်ခုတွင် စပါး၏ ခုနစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံး နေမှုကို ဟယ်ရီကိန်းက အဆုံး သတ်ခဲ့ပြီး ၀က်စ်ဟမ်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၎င်းသည် လန်ဒန်ဒါဘီ၏ သူရဲကောင်းဖြစ် ကြောင်း သက်သေပြခဲ့သည်။
ယင်းပွဲတွင် စပါးအတွက် ဟယ် ရီဝင့်ခ်ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ ပြီး မိသားစုနှင့်အတူ အောင်ပွဲခံ မည်ဟု ပြောကြားသည်။
—Ref:Goal
From : 7 day daily
Originally published at - http://www.7daydaily.com/story/81433

No comments:
Post a Comment