
မလေးရှား လက်ရွေးစင် အသင်း အနေနဲ့ မြန်မာ အသင်းနဲ့ ယှဉ်ပြိုင် ကစားမယ့် ဆူဇူကီး ဖလား အုပ်စု နောက်ဆုံး ပွဲစဉ်ကို ဆက်လက် ယှဉ်ပြိုင် ကစားမှာ ဖြစ်တယ်
လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) အထွေထွေ အတွင်းရေမှူး ဦးကိုကိုသိန်းက ပြောပါတယ်။
မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ပြုမှုဆက်ဆံတဲ့ပုံကို ဆန္ဒပြတဲ့အနေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ မလေးရှားအသင်း ပြိုင်ပွဲကနေထွက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အမ်အက်ဖ်အက်ဖ်က အာဆီယံဘောလုံးအဖွဲ့ချုပ်နဲ့ မလေးရှားအသင်း မန်နေဂျာတို့ကို မေးမြန်ခဲ့ပြီး အာဆီယံဆူဇူကီးဖလားကို ဆက်ပြီး ၀င်ပြိုင်ပွဲမှာဖြစ်တဲ့အကြောင်း ပြန်လည်အကြောင်းကြားခဲ့တယ်လို့ အမ်အက်ဖ်အက်ဖ် အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။
ဘောလုံးအားကစားဟာ နိုင်ငံရေးနဲ့ ရောထွေးလို့မရတာကြောင့် မလေးရှားအသင်းအနေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲကနေ နုတ်ထွက်မှာမဟုတ်ဘဲ ဆက်လက် ၀င်ပြိုင်သွားမှာဖြစ် တယ်လို့ မလေးရှားဘောလုံးအသင်းမန်နေဂျာ ဒါတိုဟာမီဒင်က မလေးရှားအသင်းရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
မလေးရှားအသင်းဟာ မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အုပ်စုနောက်ဆုံးပွဲမှာ အနိုင်ရမှ အကြိုဗိုလ်လုပွဲ တက်ရောက်ခွင့်ရမှာဖြစ်ပြီး မြန်မာအသင်းက သရေရလဒ်ရရှိရုံနဲ့ အကြိုဗိုလ်လုပွဲတက်မှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/177397

No comments:
Post a Comment