
ယူရိုပါလိဂ် အုပ်စု အေ ပွဲစဉ် ၅ အဖြစ် နိုဝင်ဘာ ၂၄ ရက် ညက မန်ယူနဲ့ နယ်သာလန် ကလပ် ဖီယင်နုတို့ ယှဉ်ပြိုင်ရာ မန်ယူက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
မန်ယူ အတွက် အနိုင် ဂိုးတွေကို ရွန်နီ၊ မာတာ၊ လင်ဂတ်နဲ့ တဘက်အသင်းက ကိုယ့်ဂိုး ကိုယ်သွင်း မိရာကနေ ရသွား တာပါ။
ဒီပွဲမှာ ရွန်နီ ဂိုးသွင်းနိုင်လို့ သွင်းဂိုး ၃၉ ဂိုးနဲ့ မန်ယူ ကစားသမားတွေ ထဲက ဥရောပ ပြိုင်ပွဲတွေမှာ ဂိုးသွင်း အများဆုံးသူ အဖြစ် မှတ်တမ်းဝင် သွားပါတယ်။
ဒီပွဲနိုင်လို့ မန်ယူဟာ အုပ်စု အေ မှာ ၉ မှတ် ရပြီး အုပ်စု ထိပ်ဆုံးက ဖီနာဘာချီနဲ့ တမှတ် အကွာ ဒုတိယ နေရာမှာ ရပ်တည်နေ ပါတယ်။
မနေ့ညကပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စု အေ တခြား ပွဲစဉ်မှာတော့ တူရကီ ကလပ် ဖီနာဘာချီက ယူကရိန်း ကလပ် ဇိုရာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
အုပ်စုအေ နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၉ ရက်နေ့မှာ ဇိုရာနဲ့ မန်ယူ၊ ဖီယင်နုနဲ့ ဖီနာဘာချီတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်ယူက အနိုင်ရရင် နောက်တဆင့် တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/177380

No comments:
Post a Comment