
ဒီဇင်ဘာ ၁၈ ရက်ညက ယှဉ်ပြိုင်သွားတဲ့ အသင်းကြီး ၂ သင်း ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးက အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာ ဝေါလ်ကော့က သွင်းယူပြီး အိမ်ရှင် မန်စီးတီး အတွက် ချေပဂိုးကို မာနီက ၄၇ မိနစ်မှာ ပြန်လည် သွင်းယူပါတယ်။
မန်စီးတီးက ဒီပွဲမှာ ပွဲပယ်ခံ ထားရတဲ့ တိုက်စစ်မှူး အဂူရိုနေရာမှာ ဒီဘရိုင်းကို အသုံးပြု သွားပါတယ်။
မန်စီးတီကပဲ ကစားကွက် အသာ၊ ခြေအသာနဲ့ ကစားသွားပြီး ဒုတိယဂိုးကို စတာလင်က ၇၁ မိနစ်မှာ သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ မန်စီးတီးက ၃၆ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၇ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
အာဆင်နယ်ကတော့ ၃၄ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180308





No comments:
Post a Comment