မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 26, 2017

ဘင်ဖီကာ တောင်ပံ သမား ဂွန်ကာလို ဂူဒက်စ်ကို ပီအက်စ်ဂျီ အသင်း ခေါ်ယူ




ဇန်န၀ါရီ ၂၆၊ ပြင်သစ် ။ ။ ပရီးမီးယားလိဂ် အသင်းကြီး များက စိတ်ဝင် စားနေသည့် ဘင်ဖီကာ အသင်းမှ ပေါ်တူဂီ လူငယ် တောင်ပံ ကစားသမား ဂွန်ကာလို ဂူဒက်စ်ကို ပီအက်စ်ဂျီ အသင်းက ခေါ်ယူ လိုက်ပြီ ဖြစ်သည်။

ပီအက်စ်ဂျီ အသင်းသည် အသက် ၂၀ အရွယ်သာ ရှိသေးသည့် ဂူဒက်စ်ကို လေးနှစ်ခွဲ စာချုပ်ဖြင့် ခေါ်ယူ ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ၂၀၁၄ ခုနှစ်အောက်တိုဘာလကမှ ဘင်ဖီကာအသင်းတွင် ပွဲထွက်ခွင့်စတင်ရရှိခဲ့သူဖြစ်ပြီး ၃၉ ပွဲ ပါဝင်ကစားထားကာ ၅ ဂိုးသွင်းယူထားသည်။

ပီအက်စ်ဂျီအသင်းနှင့်အတူ အောင်မြင်ခဲ့သည့် ပေါ်တူဂီတိုက်စစ်မှူး ပေါ်လက်တာကဲ့သို့ ပြင်သစ်တွင် အောင်မြင်မှုရယူနိုင်ရန် ဂူဒက်စ်က မျှော်လင့်လျက်ရှိသည်။

‘ပီအက်စ်ဂျီလိုအသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် တကယ်ကို ပျော်ပါတယ်။ ပီအက်စ်ဂျီအသင်းမှာ ရှိနေတဲ့ ကစားသမားတွေက ထိပ်တန်း ကစားသမားတွေဖြစ်လို့ ကျွန်တော့်ခြေစွမ်းပိုပြီး တိုးတက်လာမှာပါ။

ပီအက်စ်ဂျီအသင်းက ဆုဖလားတွေအတွက်ပဲ အမြဲတမ်းကစားနေတဲ့အသင်းပါ။ ဒါကြောင့် ကျွန်တော်ကလည်း ဖြစ်နိုင်သလောက် ဆုဖလားတွေ အများကြီး ရယူချင်ပါတယ်’

‘ပေါ်လက်တာကို ပီအက်စ်ဂျီပရိသတ်တွေက ချစ်ခင်ကြသလို တစ်နေ့မှာ ကျွန်တော့်ကိုလည်း ချစ်ချင်လာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်’ ဟု ဂူဒက်စ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

From : မဇ္ဈိမ မီဒီယာ - by : အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/22803

No comments:

Post a Comment