မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, January 6, 2017

နည်းပြလောကမှ အနားယူရန် အဆင်သင့် မဖြစ်သေးဟု ဂွာဒီယိုလာပြော




ဇန်နဝါရီ ၆၊ မန်ချက်စတာ ။ ။ နည်းပြဘဝ အဆုံးသတ် ပိုင်းသို့ ရောက်နေ ပြီဟု ဆိုထားသည့် မန်ချက်စတာ စီးတီး နည်းပြ ဂွာဒီယိုလာက ၎င်းအနေဖြင့် အနားယူရန် အဆင်သင့် မဖြစ်သေးဟု ပြောသည်။

အသက် ၄၅ နှစ် အရွယ် ဂွာဒီယိုလာသည် နည်းပြ ဘဝနောက်ဆုံး ပိုင်းသို့ရောက်နေပြီဟု ပြီးခဲ့သည့်တစ်ပတ်က NBC နှင့် အင်တာဗျူးတွင် ပြောဆို ထားခြင်း ဖြစ်သည်။

ဂွာဒီယိုလာက “ကျွန်တော့် နည်းပြဘဝကို နှုတ်ဆက် နေပြီလို့ စတင်ပြောဆိုဖို့ မသင့်တော် ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် အနားယူတော့ မယ်လို့ စဉ်းစားနေတာ မဟုတ်ပါဘူး”ဟု ပြောသည်။

ဂွာဒီယိုလာသည် စပိန်တွင်လေးနှစ်တာကာလအတွင်း ဘာစီလိုနာနှင့် ဖလား ၁၄ လုံး၊ ဂျာမန်ကလပ်ဘိုင်ယန်မြူးနစ်နှင့် သုံးနှစ်ဆက်ဘွန်ဒက်စ်လီဂါဖလားများရယူပြီးနောက် ပြီးခဲ့သည့်နွေရာသီတွင် မန်ချက်စတာစီးတီးအသင်းကို စတင်တာဝန်ယူ ခဲ့သည်။

“အင်တာဗျူးထဲမှာကျွန်တော်ပြောခဲ့တာက ကျွန်တော့်အသက် ၆၀ ကျရင် နည်းပြတစ်ယောက် မဖြစ်နိုင်လောက်တော့ဘူးလို့ ပြောခဲ့တာပါ။ အခုမှ ကျွန်တော့်အသက် ၄၅ ပဲရှိပါသေးတယ်။ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ အနားယူမှာ မဟုတ်ပါဘူး။

ဘဝမှာတခြား လုပ်ချင်တာတွေရှိသေးလို့ အသက် ၆၀ ထိ နည်းပြမလုပ်ဘူးလို့ ပြောတာပါ။ ကျွန်တော်ငယ်ငယ်ကတည်းက ဘောလုံးစ ကစားခဲ့ပြီး ဘဝတစ်လျှောက်လုံး ကွင်းထဲမှာပဲ ရှိခဲ့ပါတယ်။

ဘဝမှာတခြားအရာတွေ လုပ်ချင်ပါသေးတယ်။ ဒါပေမဲ့ နောက် သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ် နှစ်လောက်မှပါ။ ကျွန်တော့်အလုပ်ကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော့်အလုပ်ကိုလုပ်ဖို့ အကောင်းဆုံးနေရာမှာလည်း ရှိနေပါတယ်။ အထူးသဖြင့် အင်္ဂလန်မှာပေါ့”ဟု ဂွာဒီယိုလာက ဆိုခဲ့သည်။

Ref; BBC

From : မဇ္ဈိမ မီဒီယာ By : ဝေဘုန်းလူ

Originally published at - http://mizzimaburmese.com/article/21988

No comments:

Post a Comment