မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, March 7, 2017

မန်ယူတိုက်စစ်မှူး မိုဗစ်ခ်ျနှင့် ဘုန်းမောက် နောက်ခံလူ မင်းစ်တို့ကို အက်ဖ်အေ တရားစွဲ




အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် အက်ဖ်အေက မန်ယူ တိုက်စစ်မှူး အီဘရာဟီ မိုဗစ်ခ်ျနဲ့ ဘုန်းမောက် နောက်ခံလူ မင်းစ်တို့ ၂ ဦးစလုံးကို အကြမ်းဖက်တဲ့ အပြုအမူတွေ အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က တရား စွဲဆို ထားပါတယ်။

သူတို့ ၂ ဦးစလုံးဟာ မန်ယူနဲ့ ဘုန်းမောက်တို့ ၁ ဂိုးစီသရေကျတဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ပွဲစဉ်အတွင်းမှာ ပဋိပက္ခ ဖြစ်ခဲ့တာပါ။

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက ခေါင်းခုန်အတိုက်မှာ တဘက်ကစားသမား မင်းစ်ကို တံတောင်နဲ့ တွက်ခဲ့မိပါတယ်။

အဲဒီမတိုင်ခင်မှာတော့ ဘုန်းမောက်နောက်ခံလူ မင်းစ်က ကွင်းထဲမှာ လဲကျနေတဲ့ အီဘရာဟီမိုဗစ်ခ်ျရဲ့ ခေါင်းကို တက်နင်းမိတာတွေ လုပ်ခဲ့ပါတယ်။

အက်ဖ်အေကတော့ ဗွီဒီယိုမှတ်တမ်းကို ပြန်လည်ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ ကစားသမား ၂ ဦးစလုံးဟာ အဖြစ်အပျက်တခုစီမှာ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ လုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

၂ ဦးစလုံး အပြစ်ရှိကြောင်း ထင်ရှားရင်တော့ အက်ဖ်အေက ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်မှာဖြစ်ပါတယ်။

ဓာတ်ပုံ - REX

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/193293

No comments:

Post a Comment