Tuesday, March 7, 2017
အေအက်ဖ်စီဖလား အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် မကွေးနှင့် မလေးရှား ယနေ့ ယှဉ်ပြိုင်မည်
မြန်မာ ကလပ် အသင်းတွေ ပါဝင် ယှဉ်ပြိုင် နေတဲ့ အေအက်ဖ်စီ ဖလား အုပ်စု ဒုတိယ ပွဲစဉ်တွေကို မတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
မတ်လ ၈ ရက်မှာ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရတနာပုံအသင်းက ဗီယက်နမ်ကလပ် သန်ကွမ်နင်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာပါ။
ရတနာပုံအသင်းဟာ အုပ်စုပထမပွဲစဉ်မှာ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်အသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုပထမနဲ့ ဦးဆောင်နေပြီး ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အုပ်စုတက်ဖို့ အလားအလာကောင်းသွာမှာပါ။
မတ်လ ၇ ရက် ဒီနေ့ ညနေ ၃ နာရီခွဲမှာတော့ မြန်မာနိုင်ငံကိုယ်စားပြု နောက်တသင်းဖြစ်တဲ့ မကွေးအသင်းက မလေးရှားလိဂ်ချန်ပီယံ ဂျိုဟိုးဒါရူးနဲ့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။
မကွေးအသင်းအနေနဲ့ အဖွင့်ပွဲစဉ်တုန်းက ဖိလစ်ပိုင်ကလပ် ဂလိုဘယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဂျိုဟိုးနဲ့ပွဲမှာ အနိုင်ရမှ နောက်တဆင့်တက်ဖို့ အခြေအနေကောင်းမှာ ဖြစ်ပါတယ်။
ပုံ - အမ်အက်ဖ်အက်ဖ်
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/193251
Labels:
ပြည်တွင်းပွဲများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment