မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, March 7, 2017

ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး ချဲလ်ဆီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင် (ရုပ်သံဟိုက်လိုက်)




ဖေဖော်ဝါရီ ၆ ရက် ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲနိုင်လိုက်လို့ ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ဒုတိယ နေရာက စပါးစ် အသင်းကို ၁၀ မှတ်ဖြတ်ပြီး ဦးဆောင် ထားနိုင် ပါတယ်။

ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ၂၅ မိနစ်မှာ တိုက်စစ်မှူး ဟာဇက်က သွင်းယူ ပါတယ်။

လန်ဒန် အခြေစိုက် အသင်းတွေ ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပြီး ဝက်စ်ဟမ်းက အပြန် အလှန် ထိုးဖောက် ကစားနိုင် ခဲ့ပါတယ်။

ချဲလ်ဆီးအတွက် ဒုတိယဂိုးကို မိနစ် ၅၀ မှာ တိုက်စစ်မှူး ကော်စတာက သွင်းယူပါတယ်။ အိမ်ရှင် ဝက်စ်ဟမ်းအတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လန်ဇီနီက သွင်းယူပါတယ်။

ချဲလ်ဆီးအတွက် ၂၁ ပွဲမြောက် နိုင်ပွဲရတာဖြစ်ပြီး နည်းပြ ကွန်တီလည်း ပရီးမီးယားလိဂ်ကိုရောက်တဲ့ ပထမဆုံးရာသီမှာပဲ ချန်ပီယံဆုရဖို့ နီးစပ်သွားပါတယ်။

ဝက်စ်ဟမ်းကတော့ ၃၃ မှတ်နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/193236

No comments:

Post a Comment