
ဒီကနေ့ ယှဉ်ပြိုင် သွားတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင် အမေရိက ဇုန် ပွဲစဉ်မှာ ဘိုလီးဗီးယားက နာမည်ကြီး အာဂျင်တီးနားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲမှာ ပွဲပယ် ခံထားရတဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ မပါဘဲနဲ့ ယှဉ်ပြိုင် သွားပါတယ်။
အိမ်ရှင် ဘိုလီးဗီးယား အတွက် ဦးဆောင်ဂိုးကို ၃၁ မိနစ်မှာ သွင်းယူ ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနား အသင်း ဂိုးရဖို့ ရုန်းကန် ကစားသွား ခဲ့ရပါတယ်။
ဘိုလီဗီးယား အတွက် ဒုတိယဂိုးကို ၅၂ မိနစ်မှာ မိုရီနိုက သွင်းယူပါတယ်။
လက်ကျန် ၄ ပွဲပဲကျန်လို့ ဒီပွဲရှုံးတဲ့ အာဂျင်တီးနားအသင်း ခြေစစ်ပွဲအောင်မြင်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့ ဘိုလီးဗီးယားက ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ မှာ ရပ်တည်နေပြီး အာဂျင်တီးနားကတော့ ၂၂ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။
တောင်အမေရိကဇုန်မှာ အမှတ်အများဆုံး ထိပ်ဆုံး ၄ သင်းက တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/198222

No comments:
Post a Comment