
ဂါဘွန် နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ဒုတိယကျော့ ပွဲအပြီး ပွဲရလဒ်နဲ့ ပက်သက်လို့ သူငယ်ချင်း အချင်းချင်း စနောက်ရာမှ လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူနဲ့ တရားခံတို့ဟာ ပွဲအပြီးမှာ အရက်သေစာသောက်စားခဲ့ပြီး သေဆုံးသူက ပီအက်စ်ဂျီအသင်းရဲ့ ရှုံးပွဲနဲ့ ပတ်သက်ပြီး အဆက်မပြတ် စနောက်ခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် ပီအက်စ်ဂျီ အသင်းပရိသတ် တရားခံက ဓားနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဓားနဲ့အထိုးခံရသူဟာ အခင်းဖြစ်နေရာမှာပင် သေဆုံးခဲ့ပြီး တရားခံလူငယ်မှာလည်း ဖမ်းဆီးခံခဲ့ရသလို ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ပါတယ်။ ဒါပေမယ့် သူက သတ်ဖို့ အထိ မရည်ရွယ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ပီအက်စ်ဂျီရဲ့ အိမ်ကွင်းမှာ ကစားခဲ့စဉ်က ဘာစီလိုနာကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဘာစီလာနာအိမ်ကွင်းမှာတော့ ၆-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာက နှစ်ပွဲပေါင်းရလဒ် ၆-၅ နဲ့ အနိုင်ရပြီး ကာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/194208





No comments:
Post a Comment