
ဖေဖော်ဝါရီလ အတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ဆုများကို စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်း၊ မန်စီးတီး အသင်းနည်းပြ ဂွါဒီယိုလာနဲ့ ချယ်လ်ဆီး aတာင်ပံ ကစား သမား ဟာဇက်တို့ အသီးသီး ဆွတ်ခူး ခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ စတုတ်စီးတီးကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သောပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တာအပါအ၀င် ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၄ ဂိုးသွင်းယူခဲ့တာကြောင့် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာကတော့ ဖေဖော်ဝါရီလအတွင်းကစားခဲ့တဲ့ ၀က်စ်ဟမ်း၊ ဆွမ်ဆီး၊ ဘုန်းမောက်တို့ရဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲရယူခဲ့တာကြောင့် အကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဒုတိယမြောက်ဂိုးကို လှလှပပသွင်းယူခတဲ့ ဟာဇက်ကလည်း ဖေဖော်ဝါရီလရဲ့ အကောင်းဆုံးသွင်းဂိုးဆုအား ရရှိခဲ့ကြောင်းသိရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/194202

No comments:
Post a Comment