မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 29, 2017

နောက်ခံလူ လိုဗရန်ကို လီဗာပူးအသင်း စာချုပ်သက်တမ်း ထပ်တိုး




လီဗာပူး အသင်းဟာ နောက်တန်း ကစား သမား လိုဗရန်ကို ၂၀၂၁ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးလိုက် ပါတယ်။

အသက် ၂၇ နှစ်ရှိ ခရိုအေးရှား နောက်တန်း ကစားသမား လိုဗရန်ဟာ လာမယ့်နှစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် လီဗာပူး အသင်းက စာချုပ် သက်တမ်း တိုးလိုက် တာပါ။

လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တာကြောင့် ပျော်ရွှင်မိပြီး လီဗာပူးအသင်းမှာ ကစားနိုင်သမျှ ဆက်ပြီးကစားချင်တာက သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ လိုဗရန်က စာချုပ်ချုပ်ဆိုအပြီးမှာ ပြောကြားခဲ့ပါတယ်။

လိုဗရန်ဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်ပတန်အသင်းကနေ ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုကာင်းအောင်ကစားနိုင်ခဲ့တယ်လို့ လိုဗရန် ကဆက်ပြောပါတယ်။

လီဗာပူးနောက်တန်းကစားသမား လိုဗရန်ဟာ ဒီနှစ်ရာသီမှာ အသင်းအတွက် ၂၈ ပွဲကစားထားပြီး ၂ ဂိုးသွင်းယူထားပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/203785

No comments:

Post a Comment