
စူပါ အေးဂျင့် မီနိုရွိုင် အိုလာဟာ လာမယ့် နွေရာသီ အပြောင်း အရွှေ့မှာ အဲဗာတန် တိုက်စစ်မှူး ရိုမယ် လူကာကူကို ဘောလုံး သမိုင်း တလျှောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးနဲ့ အသင်း ကနေ ပြောင်းရွှေ့နိုင်ဖို့ ကြိုးပမ်း နေပါတယ်။
လူကာကူအတွက် ပြောင်းရွှေ့ကြေးကတော့ ပေါင် သန်း ၁၀၀ ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၉ ဒသမ ၃ သန်းကို သာလွန်သွားခဲ့မှာပဲ ဖြစ်ပါတယ်။
မန်ယူအသင်းနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ မီနိုရွိုင်အိုလာဟာ ပြီးခဲ့တဲ့ ပေါ့ဂ်ဘာနဲ့ အီဘရာဟီမိုဗစ်တို့ရဲ့ အပြောင်းအရွှေ့မှာလည်း ပေါင် ၄၁ ဒသမ ၃၉ သန်းထိ ရရှိခဲ့သူဖြစ်ပါတယ်။
လူကာကူရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ပါကလည်း ရွိုင်အိုလာအနေနဲ့ ပေါင် ၄၁ သန်းထိ ရရှိနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
လက်ရှိအချိန်မှာ လူကာကူရဲ့ တပတ်လုပ်ခ ပေါင် ၂ သိန်းထိ ရရှိနိုင်ဖို့အတွက် ကြိုးစားနေပြီး လူကာကူကို မန်ယူအသင်းနဲ့အတူ ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/206086





No comments:
Post a Comment