
အသလက် တီကိုနဲ့ ပွဲစဉ်မှာ ဘန်ဇီမား ခြေစွမ်းပြ သွားတဲ့ ပြကွက်ဟာ နည်းပြ ဇီဒန်းတောင် အံ့သြ မှင်သက်ပြီး ကျန်ခဲ့ရ တယ်လို့ သိရ ပါတယ်။
အသလက် တီကိုက နှစ်ဂိုး သွင်းပြီး ချိန်မှာ ရီးရဲလ် မက်ဒရစ် အသင်း အတွက် အရေးပါတဲ့ ချေပ ဂိုးကို ဘန်ဇီမားက ဖန်တီး ယူပေး ခဲ့တာ ဖြစ်ပါတယ်။
အသလက် တီကို နောက်ခံလူ သုံးဦးကို ဂိုးစည်း နားမှာ ပွတ်ကာ သီကာ ရှောင်တိမ်းပြီး ကျော်ဖြတ် လာတဲ့ ပြကွက်ကို ဘန်ဇီမား ဘယ်လို လုပ်လိုက်လဲ သူ မသိကြောင်း နည်းပြ ဇီဒန်းက ဝန်ခံ ပြောကြား ပါတယ်။
ဘန်ဇီမားက ပြိုင်ဘက်သုံးဦးကို ကျော်ဖြတ်ပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို ခရူးစ် ကန်သွင်းရာမှာ ဂိုးမဝင် ခဲ့ပေမယ့် ဘောလုံးပြန်ထွက် လာလို့ အစ္စကို ပိတ်သွင်းပြီး ဂိုးရခဲ့တာ ဖြစ်ပါတယ်။
သင်ကြိုက်နိုင်မည့် နောက်ထပ် သတင်း - အသလက်တီကို နှစ်ဂိုးအရင်သွင်းသော်လည်း ရီးရဲလ်မက်ဒရစ် ဗိုလ်လုပွဲတက်
တိုက်စစ်မှူး ဘန်ဇီမားရဲ့ ထူးခြားတဲ့အလိမ်အခေါက်အတွက် နည်းပြဇီဒန်းက ပြောစရာ စကားလုံးရှာမတွေ့ဖြစ်နေခဲ့တာပါ။
" အဲဒီနေရာကနေ သူဘယ်လိုထွက်လာလဲ ကျွန်တော်လည်း မပြောတတ်တော့ဘူး။ ဘောလုံးလောကမှာ ဂိုးသွင်းဖို့ချည်း လိုအပ်တယ် မ ထင်ပါနဲ့။
ဘန်ဇီမားက သူကိုယ်တိုင်လည်း ဂိုးသွင်းသလို ဒီလိုလည်း အခြားသူတွေအတွက် ဖန်တီးပေးတတ်တယ်။ အသင်းရဲ့ ခြေစွမ်းအတွက် သူပျော်နိုင်မယ်လို့ ကျွန်တော်ထင်တယ်" ဆိုပြီး ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြဇီဒန်းက ပြောခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူး ဘန်ဇီမားဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ရှစ်ပွဲဆက်တိုက် ဂိုးမသွင်းနိုင်လို့ ပရိသတ်အချို့ရဲ့ ဝေဖန်မှုကို ရင်ဆိုင်ရသူ ကစားသမား ဖြစ်ပါတယ်။
အသလက်တီကိုအသင်း နှစ်ဂိုးအရင် ရသွားချိန်မှာလည်း မိမိစိတ်မပူခဲ့ကြောင်းနဲ့ အသင်းကစားသမားတွေ ဂိုးသွင်းခွင့်ပြန်ရမယ်ဆိုတာ ယုံကြည်နေခဲ့တယ်လို့ နည်းပြဇီဒန်းက ပွဲအပြီးမှာ ပြောပါတယ်။
Source : Goal
From : Duwun by KK
Originally published at - http://www.duwun.com.mm





No comments:
Post a Comment