မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

ဆန်ဒါးလန်းက နယူးကာဆယ်ကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)




တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆန်းဒါးလန်းက နယူးကာဆယ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွား ပါတယ်။ နှစ်သင်း စလုံးဟာ အမှတ်ပေး ဇယား အောက်ခြေမှာ ရုန်းကန်နေရတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။

အိမ်ရှင် ဆန်းဒါးလန်းအတွက် ဦးဆောင်ဂိုးကို နယူးကာဆယ် နောက်ခံလူရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ရသွားတာပါ။

ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် နယူးကာဆယ် နောက်ခံလူ အထုတ်ခံရပြီး ပင်နယ်တီပါ ပေးလိုက်ရပါတယ်။ အဲဒီပင်နယ်တီကို ဂျွန်ဆန်က သွင်းယူပါတယ်။ ဒီပွဲမှာ နယူးကာဆယ်က ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရသလို ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီး ယူနိုင်ခဲ့ပါတယ်။

ဆန်းဒါးလန်းအတွက် ဒုတိယဂိုးကို ဂျုန်းစ်၊ တတိယဂိုးကို ဖလက်ချာက သွင်းယူပါတယ်။ ဆန်းဒါးလန်းအတွက်တော့ ဒီနှစ် ပရီးမီယားလိဂ် ရာသီ ၁၀ ပွဲမြောက်မှာ ပထမဆုံး နိုင်ပွဲရတာ ဖြစ်ပါတယ်။

ဒီပွဲနိုင်လို့ ဆန်းဒါးလန်းက ၆ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရှိနေပြီး နယူးကာဆယ်ကလည်း ၆ မှတ်နဲ့ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118470

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment