မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

အဝေးကွင်းတွင် မန်စီးတီး တိုက်စစ်က ကြောက်မက်ဖွယ် ဖြစ်လိမ့်မယ်လို့ De Bruyne ပြော




မန်ချက်စတာ ဒါဘီကို တနင်္ဂနွေနေ့မှာ အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင် ကစားသွား ရမှာပါ။ သူဟာ လာမယ့် ဒါဘီပွဲမှာ တိုက်စစ်ကို ဦးဆောင် ရဖွယ်ရှိနေ တာပါ။ ဆီဗီလာနဲ့ ပွဲမပြီးခင် ဆယ့်ငါး မိနစ် အလိုမှာ အသင်းရဲ့ တိုက်စစ်မှူး Bony ဟာ ဒဏ်ရာ ပြဿနာကြောင့် ထွက်ခဲ့ ရပြီး မန်စီးတီး အသင်းက တိုက်စစ်မှူး အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ Pellegrini ကတော့ De Bruyne ကို တိုက်စစ်ကို ဦးဆောင် ကစားစေမယ့် အခြေအနေတွေ ရှိနေတာပါ။

ဒါ့ကြောင့် De Bruyne က " ကျွန်တော်တို့ဟာ ကမ္ဘာ့အဆင့်မှီအသင်းတစ်သင်း ဖြစ်လာပါပြီ။ကျွန်တော့်ကို တိုက်စစ်မှူးစစ်စစ်တစ်ယောက်အနေနဲ့ ကစားနိုင်မလားဆိုတာကို နည်းပြက မေးပါတယ်။ ကျွန်တော်ကတော့ အတွေ့အကြုံအများကြီးမရှိသေးပေမယ့် ကစားသမားဘဝ တစ်လျှောက်မှာတော့ နေရာပေါင်းစုံကစားခဲ့ဖူးပါတယ်။

ညာ တောင်ပံမှာ ကစားခဲ့တုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့သလို ဘယ်တောင်ပံမှာ ကစားတုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲလိုပါပဲ။ ကျွန်တော်ကတော့ တိုက်စစ်မှူးတစ်ယောက် အနေနဲ့လည်း ကစားနိုင်မယ်လို့ ထင်ပါတယ်" လို့ De Bruyne ကပြောပါတယ်။

" ဆီဗီလာအသင်းနဲ့ ပွဲတုန်းက နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ အရမ်းပျော်မိပါတယ်။ ဒါပေမယ့် လာမယ့် ဒါဘီပွဲစဉ်ကတော့ လုံးဝကို ကွဲပြားခြားနားမယ့် ပွဲမျိုးပါ။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ ကစားပွဲတစ်ခုကို ဖန်တီးနိုင်ပြီး သူတို့ကို အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။ ဒါဘီဆိုတာကတော့ ဘယ်လ်ဂျီယံက ဒါဘီရော ဂျာမနီက ဒါဘီကပါ ပြင်းထန်ခဲ့ပါတယ်။ အင်္ဂလန်က ဒါဘီတွေက ပိုပြီးပြင်းထန်လိမ့်မယ်လို့ " De Bruyne က ထပ်လောင်းပြောကြားခဲ့ပါတယ်။

မန်ယူနဲ့ပွဲမှာတော့ မန်စီးတီးအသင်းခေါင်းဆောင် Kompany လည်း ပြန်လည်ပါဝင်လာမှာဖြစ်ပြီး တိုက်စစ်လိုအပ်ချက်ရှိနေတဲ့အတွက် နည်းပြ Pellegrini အနေနဲ့ De Bruyne ကို တိုက်စစ်မှူးတစ်ယောက်အနေနဲ့ နေရာပြောင်းလဲကစားသွားစေမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref : Mirror

Original link - http://sports.thithtoolwin.com/2015/10/de-bruyne.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment