မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

နည်းပြ Klopp က အသင်းကို အကျိုးပြုမှုသာ ဖြစ်စေမယ်လို့ Lallana ပြော




လီဗာပူးလ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်တဲ့ Adam Lallana ဟာ အသင်းရဲ့ နည်းပြ Klopp ဟာ အသင်းကို အကျိုးပြုဖို့သာ ဖြစ်လာ လိမ့်မယ်လို့ ပြောလိုက် ပါတယ်။ ဆောက်သမ်တန် အသင်း ကစားသမား ဟောင်းဟာ ပရိသတ်တွေကို နည်းပြ Klopp အပေါ် စိတ်ရှည်ပေး ဖို့လည်း ပြောလိုက် တာလည်း ဖြစ်ပါတယ်။

နည်းပြ Klopp ဟာ လီဗာပူးလ်အသင်းနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုထားပြီး အသင်းရဲ့ ရလဒ်ဆိုးတွေကနေ ပြန်လည်ရုန်းထွက်နိုင်အောင် ကြိုးပမ်းပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ပွဲဦးထွက်နှစ်ပွဲဖြစ်တဲ့ စပါးအသင်း ၊ ရူဘင်ကာဇန်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ သရေရလဒ်တွေသာ ရရှိခဲ့တာကြောင့် ပရိတ်သတ်တွေက အားမလိုအားမရဖြစ်နေကြတာပါ။

ဒါကြောင့် ကွင်းလယ်လူ Adam Lallana က အသင်းကို ညတွင်းချင်း ပြောင်းလဲအောင်တော့ ဘယ်နည်းပြမှ ဆောင်ရွက်နိုင်မှာမဟုတ်ဘဲ ပရိတ်သတ်တွေကို စိတ်ရှည်ရှည်ထားပေးဖို့ တောင်းဆိုလိုက်တာလည်း
ဖြစ်ပါတယ်။

" သူဟာ အသင်းကို တိုးတက်အောင် ဆောင်ရွက်ပေးမယ့် နည်းပြတစ်ယောက်ပါ။ သူဟာ အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့တဲ့ နာမည်ကျော် နည်းပြတစ်ယောက်ပါ။

လူငယ်နည်းပြတစ်ဦးဖြစ်တာနဲ့အညီ လူငယ်တွေကို ပျိုးထောင်ပေးရာမှာလည်း နာမည်ကြီးတဲ့ နည်းပြပါ။သူ့လက်အောက်မှာ ကစားပြီး သူနဲ့အတူတူ အောင်မြင်မှုတွေ ရယူချင်သေးပါတယ်။

အသင်းကိုတော့ သူတဖြည်းဖြည်းချင်း ပြောင်းလဲပေးနေပါတယ်။ ညတွင်းချင်းတော့ ဘယ်နည်းပြမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး " လို့ Lallana ကပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနေ့ညမှာ ဆောက်သမ်တန်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာပါ။

Ref : Goal.com

Original link - http://sports.thithtoolwin.com/2015/10/klopp-lallana.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment