မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 24, 2015

ဘလတ္တာနှင့် ပလာတီနီ အပြစ်ရှိပါက ၇ နှစ်ထိ အပယ်ခံရနိုင်



ဓာတ်ပုံ - ရိုက်တာ

ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ ကမာ့္ဘဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာနဲ့ ဒုတိယ ဥက္ကဋ္ဌတို့ဟာ အကျင့်ပျက် ခြစားမှု အတွက် အပြစ် ရှိကြောင်း တွေ့ရှိရ ပါက အနည်းဆုံး ၇ နှစ် အထိ ဘောလုံး လောကကနေ အပယ်ခံ ရနိုင်တယ်လို့ ဆိုပါတယ်။

စာချုပ်စာတမ်းမရှိဘဲ ပေါင် ၁ ဒသမ ၃၅ သန်း ဘလတ္တာက ပလာတီနီကို ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို သူတို့ ၂ ဦး ရင်ဆိုင်နေရတာဖြစ်ပြီး ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စစ်ဆေးနေပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်တဲ့ စီရင်ချက်ကို ခရစ္စမတ်မှာ ချမှတ်မှာလည်း ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ မှားယွင်းတဲ့ စာရင်းဇယား၊ စီမံခန့်ခွဲမှု၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အပေါ်မှာလည်း အရေးယူခံရနိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့ ၂ ဦးဟာ ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ခံထားရပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/123944

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment