မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 24, 2015

ပီအက်စ်ဂျီ ဂျာစီသစ်ဖြင့် ပဲရစ်တိုက်ခိုက်မှု အတွင်း သေဆုံးသူများကို ဂုဏ်ပြုမည်



ဓာတ်ပုံ - skysports

ပြင်သစ်လိဂ် ဘောလုံး ကလပ် ပဲရစ် စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) ကစားသမား တွေက လာမယ့် ပွဲစဉ် ၂ ပွဲမှာ အထူး တီရှပ်ကို ၀တ်ဆင်ပြီး ပဲရစ် တိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ သူတွေကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

ဒီတီရှပ်ပေါ်မှာ ငါဟာ ပဲရစ်ပါလို့ အဓိပ္ပာယ်ရတဲ့ “Je suis Paris” ဆိုတဲ့ စာသားကို ရေးထိုးထားပါတယ်။

ပြင်သစ်နဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက ထုတ်ဖော်ပြသခဲ့တဲ့ စည်းလုံးညီညွတ်မှုနဲ့အတူ ရှိနေကြောင်း ပြသတဲ့အနေနဲ့ အခုလို ၀တ်ဆင်တာလို့ အသင်းက ကြေညာပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်အဖြစ် နိုဝင်ဘာ ၂၅ ရက်မှာ ဆွီဒင်အသင်း မာမိုနဲ့ ကစားမှာဖြစ်သလို ၂၈ ရက်မှာ ပြင်သစ်လိဂ်ကလပ် တိုရေးစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက် ပဲရစ်တိုက်ခိုက်မှုကြောင့် လူ ၁၃၀ သေဆုံးသွားခဲ့သလို ပြင်သစ်အမျိုးသား ဘောလုံးကွင်းကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ဂျာမနီနဲ့ ပြင်သစ် ချစ်ကြည်ရေး ကစားနေတဲ့ အချိန်မှာ ဘောလုံးကွင်း ပြင်ပမှာ ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/123950

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment