မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 23, 2016

ချဲလ်ဆီး နောက်တန်းသမား အီဗန်နိုဗစ်ကို စာချုပ် သက်တမ်း ထပ်တိုး




ချဲလ်ဆီး အသင်းက နောက်တန်း သမား အီဗန်နိုဗစ်ကို တနှစ် စာချုပ်သက်တမ်း ထပ်တိုး လိုက်ပါတယ်။ အသက် ၃၂ နှစ် အရွယ် ဆားဘီယား နောက်ခံလူကို တနှစ်စာချုပ် တိုးလိုက်လို့ စတန်းဖို့ ဘရစ်ခ်ျ အသင်းမှာ ၂၀၁၇ ဘောလုံး ရာသီအကုန် အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ကိုယ့်အိမ်ကိုယ်ယာဖြစ်နေပြီး တခြားမှာ ပြောင်းကစားဖို့ မရှိဘူးလို့ ချဲလ်ဆီးရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်တဲ့ အီဗန်နိုဗစ်က ပြောပါတယ်။ အီဗန်နိုဗစ်ဟာ ရုရှားကလပ် လိုကိုမိုးတစ် မော်စကို အသင်းကနေ ၂၀၀၈ မှာ ချဲလ်ဆီးကို ရောက်ရှိလာတာပါ။

နောက်တန်းသမားဟာ ချဲလ်ဆီးအတွက် ပွဲပေါင်း ၃၄၁ ပွဲ ကစားပေးထားပြီး ၃၂ ဂိုး သွင်းယူထားပါတယ်။ သူဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလား ၁ ကြိမ်၊ ပရီးမီးယားလိဂ် ၂ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ် ရယူထားပါတယ်။

by ဒီဗွီဘီ

Originally published at -http://burmese.dvb.no/archives/131962


No comments:

Post a Comment