လာမယ့် ယူရို ၂၀၁၆ ဘောလုံး ပြိုင်ပွဲမှာ ဂိုးစည်းလိုင်း နည်းပညာကို အသုံးပြု သွားမယ်လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် ယူအီး အက်ဖ်အေက အတည်ပြု လိုက်ပါတယ်။
ဒါ့အပြင် လာမယ့်နှစ် ချန်ပီယံလိဂ် ဘောလုံး ပြိုင်ပွဲတွေ မှာပါ အသုံးပြု မယ်လို့ ကြေညာ ထားပါတယ်။
ဂိုးစည်းလိုင်း နည်းပညာကို သုံးဖို့ သောကြာနေ့မှာ ဥရောပ ဘောလုံး အဖွဲ့ချုပ် အုပ်ချုပ်မှု အဖွဲ့က မဲခွဲ ဆုံးဖြတ် ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲမှာလည်း ဂျာမဏီက တီထွင် ထားတဲ့ ဂိုးစည်းလိုင်း နည်းပညာကို စတင် အသုံးပြု ခဲ့ပါတယ်။
ဥရောပလိဂ် ဘောလုံး ပြိုင်ပွဲတွေ မှာတော့ ဗြိတိန်ရဲ့ သိန်းငှက်မျက်လုံး ဂိုးစည်းလိုင်း နည်းပညာကို အသုံးပြု နိုင်ဖွယ် ရှိနေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131968
No comments:
Post a Comment