မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, February 27, 2016

သရဲနီနှင့် ကြိုးကြာနီတို့ အားပြိုင်မည့် ယူရိုပါလိဂ်




ယူရိုပါလိဂ် ပြိုင်ပွဲက အသင်း ၁၆ သင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မဲခွဲ ဆုံးဖြတ်ရာ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်က လီဗာပူး အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

အဝေးကွင်း၊ အိမ်ကွင်း ပွဲစဉ်တွေကို မတ် ၁၀ နဲ့ ၁၇ ရက်တွေမှာ ကစားမှာ ဖြစ်သလို လီဗာပူးက အိမ်ကွင်းမှာ ပထမပွဲကို လက်ခံ ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ မန်ယူတို့ ဥရောပ ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် တွေ့ဆုံ တာလည်း ဖြစ်ပါတယ်။

လီဗာပူးနည်းပြ ကလော့ကတော့ မဲမခွဲခင် ဖေဖော်ဝါရီ ၂၅ ရက်က ဘယ်အသင်းနဲ့ တွေ့ချင် သလဲလို့ ၀န်ထမ်းတွေက မေးရာမှာ မန်ယူနဲ့ တွေ့ချင်တယ်လို့ ပြောခဲ့ကြောင်း ၀န်ထမ်းတွေကို မေးကြည့် နိုင်တယ်လို့ ပြောပါတယ်။

ပရီးမီးယားလိဂ်က တော့တင်ဟမ်ဟော့စပါးကတော့ ဂျာမနီဘွန်ဒစ်လီဂါက ဒေါ့မွန်နဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။

စပိန်လာလီဂါကအသင်း ၂ သင်း ဖြစ်တဲ့ ဗလင်စီယာနဲ့ အက်သလက်တစ် ဘီဘာအိုတို့လည်း ထိပ်တိုက်တွေ့ကြသလို ဗီလာရီးရဲလ်ကတော့ ဂျာမနီဘွန်ဒစ်လီဂါက ဘိုင်ယန်လေဗာကူဆင်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လာလီဂါက ဆီဗီလာကတော့ ဆွစ်ဇာလန်ကလပ် ဘေဆယ်နဲ့ကစားရမှာ ဖြစ်သလို ယူကရိန်း ရှက်တာဒိုးနပ်စ်ကတော့ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ခ်ျနဲ့ ကစားရမှာ ဖြစ်ပါတယ်။

အသင်း ၁၆ သင်းမှာ အီတလီစီးရီးအေက တသင်းဖြစ်တဲ့ လာဇီယိုကတော့ ချက်ကလပ် စပါတာ ပါကေးနဲ့ ကစားရမှာ ဖြစ်ပါတယ်။

တူရကီကလပ် ဖီနာဘာချီကတော့ ပေါ်တူဂီ ကလပ် ဘရာဂါနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်မှာ ဗိုလ်စွဲရင်တော့ ချန်ပီယံလိဂ်ကို ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/137194


No comments:

Post a Comment