
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌသစ် အဖြစ် ဂီယာနီ အင်ဖန် တီနိုကို ဖီဖာ ညီလာခံ ကနေ ရွေးချယ် လိုက်ပါတယ်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်နိုင်ဖို့ ကြိုးစား သွားမယ်လို့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုဆိုရင်င် ဖီဖာ ညီလာခံကနေ အတည်ပြု ပေးလိုက်တဲ့ အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲရေး ကိစ္စတွေကို လက်တွေ့ ဖြစ်လာအောင် အကောင် အထည် ဖော်သွားမယ်လို့ ကတိပြု လိုက်ပါတယ်။
အသက် ၄၅ နှစ် အရွယ် အင်ဖန်တီနိုဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီးအက်အေ) ရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ် ၇ နှစ် တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။
အာရှ၊ တရုတ်၊ အိန္ဒိယတို့မှာ ဘောလုံးဖွံ့ဖြိုး တိုးတက်လာတာကို မြင်ချင်တယ်လို့ ဖီဖာ ဥက္ကဋ္ဌသစ်က ပြောပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/137185





No comments:
Post a Comment