မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 26, 2016

ဖီအိုရင်တီးနားကို အနိုင် ယူပြီး စပါး ယူရိုပါလိဂ် နောက်တဆင့် တက် (ရုပ်သံဟိုက်လိုက်)




ယူရိုပါလိဂ် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ် ဟော့စပါးနဲ့ အီတလီ စီးရီးအေ ကလပ် ဖီအိုရင် တီးနားတို့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ရာ စပါး အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ သွားပါတယ်။

ပထမအကျော့ အဝေးကွင်းမှာ ၁ ဂိုးစီ သရေကျထားတဲ့ အတွက် အိမ်ကွင်း ၀ှိုက်ဟတ်လန်းမှာ စပါးတို့ အားစိုက် ကစားခဲ့ပြီး ဂိုးပြတ် အနိုင်ရရှိ သွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ စပါးတိုက်စစ်မှူး ရောဘီကိန်း အက်ဖ်အေဖလား ပြိုင်ပွဲမှာ နှာခေါင်းရိုး ကျိုးသွားတဲ့ အတွက် မပါနိုင် ခဲ့ပေမယ့် ဒီပွဲကို အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီး မရခဲ့ပေမယ့် ရတဲ့အခွင့်အရေးကို အသုံးချ အနိုင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း ၂၅ မိနစ်မှာ မန်ဆွန်က စပါးအသင်းအတွက် ဗွေဆော်ဦးဂိုး စတင်သွင်းယူခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ လာမီလာက ၁ ဂိုး ထပ်မံသွင်းယူခဲ့သလို ၈၁ မိနစ်မှာ ဖီအိုရင်တီးနားအသင်း ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အတွက် ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအနိုင်ရတဲ့အတွက် စပါးအသင်းဟာ ယူရိုပါလိဂ် နောက်တဆင့်ကို တခြား အသင်း ၁၅ သင်းနဲ့အတူ တက်ရောက်သွားပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/137039


No comments:

Post a Comment