
ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညက ယှဉ်ပြိုင် သွားတဲ့ လိဂ်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးက လီဗာဗူးကို ပင်နယ်တီ အဆုံး အဖြတ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
သာမန် ပွဲကစားချိန် အတွင်းမှာ ၁ ဂိုးစီ သရေကျလို့ အချိန်ပို ပင်နယ်တီ အထိ ဆက်ခဲ့ပြီးမှ အနိုင်ရ သွားတာပါ။
၄၉ မိနစ်မှာ မန်စီးတီးက ဖာနန်ဒင်ဟိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကော်တင်ဟိုက လီဗာပူးအတွက် ချေပဂိုးကို ၈၃ မိနစ်မှာ သွင်းယူပါတယ်။
လီဗာပူးက ဒီပွဲမှာ ဘောလုံးကိုင်ပြီး ကစားသွားနိုင်ခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ မန်စီးတီးက ပိုရခဲ့ပါတယ်။
မန်စီးတီး အသင်းခေါင်းဆောင်နဲ့ နောက်တန်းကစားသမား ကွန်ပနီ ခြေစွမ်းပြနိုင်လို့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးဘက်က ၁ ဂိုးသာဝင်ပြီး ကျန်တဲ့ သွင်းဂိုးတွေကို စီးတီးဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်လို့ အရှုံးပေးလိုက်ရတာပါ။
မန်စီးတီးဟာ လိဂ်ဖလားကို ၄ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/137420

No comments:
Post a Comment