
ဖေဖော်ဝါရီ ၂၈ ရက်ညက ယှဉ်ပြိုင် သွားတဲ့ အသင်းကြီး ၂ သင်း ထိပ်တိုက် တွေ့တဲ့ ပွဲစဉ်မှာ မန်ယူက အာဆင်နယ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
မန်ယူမှာ အဓိက ကစားသမား ၁၀ ဦးကျော် ဒဏ်ရာ ရနေလို့ အရန် လူငယ် အများစုနဲ့ ပွဲထွက် လာတာပါ။
ပွဲစတာနဲ့ ၂ သင်းစလုံး ကစားရှိန် တင်ပြီး အပြန်အလှန် ထိုးဖောက် ကစားသွား ပါတယ်။
အိမ်ရှင် မန်ယူအတွက် ဦးဆောင်ဂိုးကို ၂၉ မိနစ်မှာ လူငယ်တိုက်စစ်မှူး မားကပ်စ် ရက်စ်ဖော့ဒ်က သွင်းယူပါတယ်။
ဆယ်ကျော်သက် တိုက်စစ်မှူးဟာ မန်ယူက ဒိန်းမတ်ကလပ် မစ်ဂျဲလန်ကို အနိုင်ရတဲ့ပွဲမှာ ပွဲဦးထွက် ကစားခွင့်ရထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။
မန်ယူကလည်း လူငယ်ကစားသမား အများစု ရုန်းအားနဲ့ အာဆင်နယ်ဘက်ကို ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။
ဒုတိယဂိုးကိုလည်း ၃၂ မိနစ်မှာ ရက်စ်ဖော့ဒ်ကပဲ သွင်းယူပါတယ်။
အာဆင်နယ်အတွက် ချေပဂိုးကို တိုက်စစ်မှူး ၀ဲလ်ဘက်က မိနစ် ၄၀ မှာ သွင်းယူခဲ့ပေမယ့် မန်ယူအတွက် တတိယဂိုးကို ကွင်းလယ်ကစားသမား ဟာရဲရာက ၆၅ မိနစ်မှာ သွင်းယူပါတယ်။
အာဆင်နယ်အတွက် ဒုတိယချေပဂိုးကို ၆၉ မိနစ်မှာ အိုဇေးလ်ကသွင်းယူပြီး နောက်ထပ် ဂိုးထပ်မသွင်းနိုင်ကြတော့ဘဲ ပွဲအပြီးမှာ မန်ယူက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတာပါ။
ဒီပွဲနိုင်တဲ့ မန်ယူက ၄၄ မှတ်နဲ့ အဆင့် ၅ မှာ ရှိနေပြီး အာဆင်နယ်က ၅၁ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/137417

No comments:
Post a Comment