
ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညက ယှဉ်ပြိုင်သွားတဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာက ဆီဗီလာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဘာစီလိုနာဟာ နောက်ကနေ လိုက်ကစား ခဲ့ရပြီးမှ အနိုင်ရ သွားတာပါ။
ဆီဗီလာအတွက် ဦးဆောင်ဂိုးကို မိနစ် ၂၀ မှာ ပီရက်ဇ်က သွင်းယူပါတယ်။
ဘာကာအတွက် ချေပဂိုးကို ၃၁ မိနစ်မှာ တိုက်စစ်မှူး မက်ဆီက သွင်းယူပါတယ်။
ဒီဂိုးဟာ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီအတွက် ဒီရာသီထဲမှာ ဂိုးပေါင်း ၃၀ မြောက်လည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ကစားပြီးတဲ့ ၃၄ ပွဲစလုံးမှာ ရှုံးပွဲ မရှိသေးပါဘူး။
ဒီပွဲမှာ ဘာကာကပဲ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်သလို ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
ဘာစီလိုနာအတွက် ဒုတိယဂိုးကို ၄၈ မိနစ်မှာ ပီကေးက သွင်းယူပါတယ်။
နိုင်ပွဲဆက်တဲ့ ဘာကာက ၆၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး ဒုတိယနေရာက အက်သလက်တီကိုကို ၈ မှတ် ဖြတ်ထားနိုင်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/137432

No comments:
Post a Comment