
ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဂျာမန် ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မွန်က ဟော်ဖန်ဟိုင်း ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဧည့်သည် ဟော်ဖန်ဟိုင်း အတွက် ဦးဆောင် ဂိုးကို ပွဲချိန် ၂၅ မိနစ်မှာ စတင် သွင်းယူ ပါတယ်။
ဒုတိယပိုင်း ၅၈ မိနစ်မှာ ဟော့ဖန်ဟိုင်း ကစားသမား ဖျက်ပုံကြမ်းလို့ အထုတ်ခံရပြီး နောက်ပိုင်းမှာ ပွဲရဲ့ ချိန်ခွင်လျှာ ပြောင်းလဲသွားခဲ့ပါတယ်။
ဒေါ့မွန်ကပဲ ဖိအားပေး ကစားနိုင်ပြီး ထိုးဖောက်ကန်သွင်းခွင့်တွေ တောက်လျှောက် ရခဲ့ပါတယ်။
ဒေါ့မွန်အတွက် ချေပဂိုးကို မိနစ် ၈၀ မှာ မစ်ခီတာရန်းက သွင်းယူပါတယ်။
နောက်ထပ် ၅ မိနစ်လောက်မှာပဲ ဒေါ့မွန်အတွက် ဒုတိယဂိုးကို ရာမို့စ်က သွင်းယူပါတယ်။
တယောက်အထုတ်ခံရပြီးနောက်ပိုင်း ဟော်ဖန်ဟိုင်းအသင်း ကစားအားကျသွားပြီး ခံစစ်နဲ့ ယှဉ်ပြိုင်သွားရပါတယ်။
ဒေါ့မွန်အတွက် အပိတ်ဂိုးကို ၉၂ မိနစ်မှာ တိုက်စစ်မှူး အာဘာမီရန်းက သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ ဒေါ့မွန်က ၅၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ်ရဲ့နောက် ၈ မှတ်အကွာမှာ ရှိနေပါတယ်။
ဟော်ဖန်ဟိုင်းကတော့ ၁၈ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/137451

No comments:
Post a Comment