
အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ အတွက် လေ့ကျင့်နေသော မြန်မာ အမျိုးသမီးအသင်း
ဖေဖေါ်ဝါရီ ၂၉၊ ရန်ကုန်
အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ အတွက် ပြင်ဆင် မှုများ ပြုလုပ် နေသော မြန်မာ အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်းသည် ဧပြီလ အတွင်း ပြိုင်ပွဲ ကျင်းပမည့် မန္တလေးမြို့၊ မန္တလာ သီရိကွင်းတွင် သွားရောက် နေထိုင် လေ့ကျင့်ရန် စီစဉ်ထားသည်။
မြန်မာ အမျိုးသမီး အသင်း နည်းပြသစ် ရော်ဂျာက နိုင်ငံတကာ ခြေစမ်းပွဲများ ကစား ရန်လည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို တောင်းဆို ထားပြီး မေလ အတွင်း ဂျပန်နိုင်ငံသို့ သွားရောက် နေထိုင် လေ့ကျင့် ရန်လည်း စီစဉ် ထားသည်။
“ဂျပန် မသွားခင် မန္တလေးမှာ သွားလေ့ကျင့် ချင်ပါတယ်။ ဒီအတွက် ဘောလုံး အဖွဲ့ချုပ်ကို စီစဉ်ပေးဖို့ တောင်းဆို ထားပါတယ်။ မန္တလေးမှာ နိုင်ငံတကာ ခြေစမ်းပွဲ တစ်ပွဲ ကစားဖို့လည်း တာဝန်ရှိ သူတွေ ညှိုနှိုင်း နေပါတယ်။
အာဆီယံ ပြိုင်ပွဲမှာ မန္တလေးနဲ့ မြန်မာ တစ်နိုင်ငံလုံးက ပရိသတ်တွေ စိတ်မပျက် ရအောင် ကြိုးစားမှာပါ။”ဟု ရော်ဂျာက ပြောသည်။
မြန်မာ အမျိုးသမီး အသင်းနှင့် မန္တလေးမြို့တွင်ခြေစမ်းပွဲ ကစားရန် အတွက် ဗီယက်နမ် အမျိုးသမီး ကလပ် အသင်း တစ်သင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဖိတ်ကြား ထားပြီး ဂျပန်နိုင်ငံ တွင်လည်း ဂျပန် ကလပ်များနှင့် ခြေစမ်းပွဲ ကစားရန်လည်း ညှိနှိုင်းနေသည်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/11787

No comments:
Post a Comment