
အာဂျင်တီးနား လက်ရွေးစင် အသင်း ကစား သမား ဘဝမှ အနားယူ တော့မည်ဟု အသင်း ခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြောကြား ခဲ့သည်။
ကိုပါ အမေရိက ဖလား ဗိုလ်လု ပွဲတွင် ချီလီကို ပင်နယ်တီ အဆုံး အဖြတ်ဖြင့် အရေးနိမ့် ပြီးနောက် သတင်းထောက် များနှင့် တွေ့ဆုံ ချိန်တွင် မက်ဆီက ယခုလို ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော့် တွက် လက်ရွေးစင် ကစားသမား ဘဝက ပြီးဆုံး သွားပါပြီ။ ကျွန်တော် လုပ်နိုင်သမျှ လုပ်ခဲ့ပြီး ပါပြီ။ ချန်ပီယံ မဖြစ်ခဲ့ တာက နာကျင်စရာ ကောင်းလွန်းပါတယ်”ဟု မက်ဆီက ဆိုသည်။
မက်ဆီသည် အသက် ၂၉ နှစ်သာ ရှိသေးရာ လက်ရွေးစင် အသင်း အတွက် ကာလကြာရှည် ကစားနိုင်သည့် အနေ အထားမျိုး ရှိနေဆဲ ဖြစ်သည်။ ၎င်းသည် ကိုပါအမေရိက ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရင်း ဂါဘရီရယ်လ် ဘာတစ္စတူတာကို ကျော်ဖြတ်ကာ အာဂျင်တီးနား၏ ဂိုးအများဆုံး စံချိန်ရှင်လည်း ဖြစ်လာ ခဲ့သည်။
မက်ဆီသည် ချီလီနှင့် ပွဲတွင် ပင်နယ်တီ အဆုံး အဖြတ် ခံယူချိန်၌ အဖွင့် ပင်နယ်တီကို လွဲချော် ခဲ့သည်။ ၎င်းသည် အဓိက ပြိုင်ပွဲကြီး ၃ ခုတွင် ဗိုလ်လုပွဲ အဆင့်ထိ အာဂျင်တီးနား ရောက် ရှိအောင် ၃ နှစ် ဆက်တိုက် ဦးဆောင်ခဲ့သော်လည်း ဒုတိယ ဆုများဖြင့်သာ ကျေနပ်ခဲ့ရသည်။
မက်ဆီအနေဖြင့် အာဂျင်တီးနား အိုလံပစ် အသင်းနှင့် အတူ ၂၀၀၈ ခုနှစ်က ရွှေတံဆိပ် ဆုရဖူးသော်လည်း လက်ရွေးစင် ပထမအသင်းနှင့် အတူ မည်သည့် အောင်မြင်မှုမျှ မရခဲ့ချေ။
မက်ဆီ ပါဝင်သော အာဂျင်တီးနား အသင်းသည် ၂၀၁၄ ကမ္ဘာ့ ဖလား ဗိုလ်လုပွဲတွင် ဂျာမနီကို အရေးနိမ့် ခဲ့ပြီး ၂၀၀၇၊ ၂၀၁၅ နှင့် ၂၀၁၆ ကိုပါ အမေရိက ပြိုင်ပွဲ များတွင်လည်း ဗိုလ်လုပွဲထိ ရောက်ခဲ့ပြီးမှ ဖလား လက်လွှတ် ခဲ့ရခြင်း ဖြစ်သည်။
Ref: Daily Mail
Originally published at - http://www.7daydaily.com/story/68663





No comments:
Post a Comment