မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 27, 2016

အိုင်ယာလန်ကိုနိုင်ပြီး အိမ်ရှင် ပြင်သစ် ယူရို ကွာတားတက် (ရုပ်သံဟိုက်လိုက်)




ဇွန်လ ၂၆ ရက် ညက ယှဉ်ပြိုင် သွားတဲ့ ယူရို ၂၀၁၆ ရှုံးထွက် အဆင့် ပွဲစဉ် အဖြစ် ပြင်သစ်နဲ့ အိုင်ယာလန်တို့ ယှဉ်ပြိုင်ရာ အိမ်ရှင် ပြင်သစ်က ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ကွာတား ဖိုင်နယ် တက်ရောက် သွားပါတယ်။

အိမ်ရှင် ပြင်သစ်က ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုရော ဂိုး ကန်သွင်းခွင့် တွေပါ အသာစီး ရခဲ့ပေမယ့် အဖွင့် ဂိုးကိုတော့ အိုင်ယာလန်က ရရှိ သွားတာပါ။

ပွဲအစ နှစ်မိနစ်မှာပဲ အိမ်ရှင် ပြင်သစ်တို့ ပင်နယ်တီပေးခဲ့ရပြီး ဘရက်ဒီက အိုင်ယာလန်အတွက် ဦးဆောင်ဂိုးသွင်းယူပါတယ်။

ဒုတိယပိုင်းမှာ ပြင်သစ်တို့ လူစားလဲမှုတွေနဲ့ တိုက်စစ်ဆင် ကစားသွားပြီး ၅၈ မိနစ်နဲ့ ၆၁ မိနစ်တွေမှာ တိုက်စစ်မှူး ဂရစ်ဇ်မန်းက နှစ်ဂိုးသွင်းယူပြီး အနိုင်ရသွားခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာ အိုင်ယာလန်ကစားသမားတဦး တိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ပြင်သစ်ဟာ လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ အိုက်စလန်ပွဲက နိုင်တဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/156521

No comments:

Post a Comment