မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 27, 2016

ဂျာမနီ ၃ – ၀ ဆလိုဗက်ကီးယား (ရုပ်သံဟိုက်လိုက်)




ယူရို ၂၀၁၆ ရှုံးထွက် ပွဲစဉ် အဖြစ် ဂျာမနီနဲ့ ဆလို ဗက်ကီးယားတို့ ဇွန် ၂၆ ရက်က ယှဉ်ပြိုင်ရာ ဂျာမနီက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲစဉ်မှာ ဂျာမနီ ကပဲ ခြေအသာနဲ့ ဖိကစား သွားခဲ့ပြီး ၈ မိနစ်မှာ ဘိုတန်၊ ၄၃ မိနစ်မှာ ဂိုမက်ဇ်နဲ့ ၆၃ မိနစ်မှာ ဒရက်ဇ်လာတို့က အနိုင်ဂိုးတွေ သွင်းယူ ခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ ဂျာမနီအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အိုဇေးကန်သွင်းခဲ့ပေမယ့် ဆလိုဗက်ကီးယား ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့လို့ ဂျာမနီ တဂိုးနစ်နာခဲ့ရပါတယ်။

ဂျာမနီအသင်းဟာ ဒီနေ့ညယှဉ်ပြိုင်မယ့် အီတလီ-စပိန်ပွဲက အနိုင်ရတဲ့အသင်းနဲ့ လာမယ့် ဇူလိုင် ၃ ရက်နေ့ကျရင် ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/156524

No comments:

Post a Comment