
ဗြိတိန်နိုင်ငံ လန်ဒန်မှာ ယှဉ်ပြိုင် နေတဲ့ ၀င်ဘယ်ဒန် တင်းနစ် ပြိုင်ပွဲ ပထမ အဆင့်မှာ နာမည်ကြီးတွေ ဖြစ်တဲ့ အန်ဒီ မာရေး၊ ဝေါ်ဝင်ကာနဲ့ ဆရီနာ ၀ီလျံစ်တို့ အနိုင်ရ သွားပါတယ်။
ဗြိတိန်နိုင်ငံသား မာရေးက ၃ ပွဲပြတ်နဲ့ အနိုင်ရ သွားသလို အမေရိကန်သူ ဆရီနာက ပြိုင်ဘက်ကို ၂ ပွဲပြတ်နဲ့ အနိုင်ယူ သွားပါတယ်။
ဆွစ်ဇာလန်နိုင်ငံသား ဝေါ်ဝင်ကာကတော့ ၄ ပွဲ အထိ ရိုက်ခဲ့ ရပြီးမှ ဒုတိယ အဆင့်ကို တက်ရောက် သွားတာ ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် ၁ ဖြစ်တဲ့ ဆရီနာဟာ ဂရန်းစလန်း ဆုဖလားပေါင်း ၂၁ ခု ရရှိထားပါတယ်။
ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဆရီနာဟာ အခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရင် စတက်ဖီဂရပ် တင်ထားတဲ့ ဂရန်းစလန်း ဆုဖလား ၂၂ ကြိမ်ရတဲ့ စံချိန်ကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/156729

No comments:
Post a Comment