
အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) က လစ်လပ် သွားတဲ့ အင်္ဂလန် အသင်း နည်းပြ ရာထူး နေရာမှာ ယာယီ အဖြစ် ဂါရတ် ဆောက်ဂိတ်ကို ခန့်အပ်ဖို့ ပြင်ဆင် နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ အင်္ဂလန် အသင်း ရှုံးထွက် အဆင့်ကနေ ထွက်သွားတဲ့ အတွက် နည်းပြ ဟော့ဆန် ရာထူးကနေ နုတ်ထွက် သွားခဲ့ ပါတယ်။
အက်ဖ်အေ တာဝန်ရှိသူတွေက ယာယီနည်းပြအဖြစ် အင်္ဂလန် ယူ-၂၁ အသင်းရဲ့ နည်းပြ ဆောက်ဂိတ်ကို တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
နည်းပြ ဆောက်ဂိတ်က လက်ခံရင်တော့ အင်္ဂလန်အသင်းကို လာမယ့် စက်တင်ဘာလထဲမှာ ဆလိုက်ဗက်ကီးယားနဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တာဝန်ယူ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကလည်း အင်္ဂလန်အသင်း နည်းပြရာထူးကို စိတ်ဝင်စားကြောင်း ပြောဆိုထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/156845

No comments:
Post a Comment