
ဘရာဇီးလ် နိုင်ငံက လှပျိုဖြူ ဘန်နက်ဟာ သူမရဲ့ ဆွဲဆောင်မှုရှိရှိ ဘောလုံး ကစားတဲ့ ရုပ်သံဗွီဒီယိုကြောင့် အင်တာနက်ပေါ်မှာ လူသိများလာ တယ်လို့ မေရာရဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ သတင်းမှာ ဖော်ပြ ထားပါတယ်။
သူမရဲ့ နောက်ဆုံးရုပ်သံထဲမှာ ဘရာဇီး လှပျိုဖြူက တကယ့်ကို မယုံကြည်လောက်တဲ့ ကမ္ဘာ့နေရာတခုမှာ သူမရဲ့ ဘောလုံးကစားတဲ့ စွမ်းရည်ကို ပြသခဲ့တာပါ။
ဘရာဇီးနိုင်ငံနဲ့ အာဂျင်တီးနားနိုင်ငံ နယ်စပ်မှာရှိတဲ့ အီဂူရာဇူး ရေတံခွန်ရှေ့က သံတံတိုင်းဘောင်ပေါ်မှာ မပြုတ်ကျဘဲ ဟန်ချက်ညီအောင် သူမက စွန့်စွန့်စားစား ထိုင်လိုက်ပြီး ဘောလုံးကို မြေကြီးပေါ်မကျအောင် သူမရဲ့ခြေထောက်နဲ့ တော့ကစားပြခဲ့တာပါ။
သူမက ဆွဲဆောင်မှုရှိတဲ့ ဘောင်းဘီတိုနဲ့ တီရှပ်အကျပ်ကို ဝတ်ဆင်ပြီး ဘောလုံးကို သူမရဲ့ ခြေထောက်တွေအကြား တော့ကစားပြခဲ့တာပါ။
ဘောလုံးမြေပေါ်မရောက်ခင် လက်နဲ့ရအောင် ဖမ်းလိုက်ပြီး ကင်မရာရှေ့မှာ ပြုံးပြ လက်မထောင်ပြလိုက်တဲ့ပုံကို ရုပ်သံထဲမှာ မြင်ရမှာပါ။
အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ် လှပျိုဖြူဟာ ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားပြီး ဘောလုံးကစားတဲ့ စွမ်းရည်ကို ပြသတာ သူမရဲ့ အကျင့်တခုပါပဲလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ရုပ်သံထဲမှာလည်း သူမက ကိုယ်ကျပ်ဂါဝန်ကို ဝတ်ဆင် ဒေါက်မြင့်ဖိနပ်စီးပြီး ဘောလုံးကို အံ့သြဖွယ် တော့ကစားပြသွားပါသေးတယ်။
ဘန်နက်ဟာ အသက် ၈ နှစ်အရွယ်ကတည်းက ဘောလုံး စတင်ကစားခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သူမက မော်ဒယ်လ်လုပ်ငန်းနဲ့ Freestyle football ကစားနည်းဖြစ်တဲ့ ဘောလုံးကို လေထဲမှာ အကြာကြီးထားပြီး တော့ကစားပြတာ၊ ဘောလုံးကို ခေါင်းပေါ်မှာ ဟန်ချက်ညီညီနဲ့ အကြာကြီးထားပြတာ စတာတွေ လုပ်ဆောင်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180329
 









 
 
 
No comments:
Post a Comment