
မြန်မာ့ လက်ရွေးစင် အသင်းရဲ့ အားထား ရတဲ့ လူငယ် တိုက်စစ်မှူး အောင်သူဟာ Goal.com က ရွေးချယ်တဲ့ ဆူဇူကီး ဖလားရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆု ရရှိဖို့ အတွက် ထိပ်ဆုံးက ဦးဆောင် နေပါတယ်။
အစောပိုင်းမှာ အောင်သူဟာ ကမ္ဘောဒီးယား မက်ဆီလို့ နာမည်ကြီးနေတဲ့ ဗနန်သန်ကာရဲ့ နောက်မှာ ရပ်တည်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မဲပေါင်း ၂၇၆၁၄ မဲ ရရှိထားပြီး ၅၇ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် ဦးဆောင်နေတာပါ။
မဲစတင်ပေးချိန်မှာ ဦးဆောင်ခဲ့တဲ့ ဗနန်သန်ကာကတော့ မဲပေါင်း ၁၇၁၃၀ မဲ ၃၅ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။
တတိယနဲ့ စတုတ္ထနေရာမှာတော့ ကမ္ဘောဒီးယားအသင်းကပဲ ချီရန်ပိုလ်ရော့သ်နဲ့ ဗီယက်နမ်အသင်းက ဗူဗန်သန်းတို့ ရပ်တည်နေခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ၂၀၁၅ ခုနှစ်ကလည်း အေအက်ဖ်အက်ဖ်ကပေးတဲ့ အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိထားပြီး ပြည်တွင်း တဦးချင်းဆုတံဆိပ်တွေ ရရှိထားတဲ့ ထူးချွန်တဲ့ လူငယ်ကစားသမားလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180337





No comments:
Post a Comment