
ယူရို ၂၀၁၆ အုပ်စု ဘီ ဒုတိယ ပွဲစဉ်မှာ ဆလို ဗက်ကီးယား အသင်းက ရုရှားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားလို့ အုပ်စု ကနေ တက်ရေး မျှော်လင့်ချက်တွေ ရှင်သန် သွားပါတယ်။
ရုရှား အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ စိုးမိုး ကစား သွားပေမယ့် ၃၂ မိနစ် ဆလိုဗက်ကီးယား အတွက် ဦးဆောင် ဂိုးကို ၀ိုက်စ်က သွင်းယူ ပါတယ်။
ဒီပွဲမှာ ဆလိုဗ က်ကီးယားက လူစာရင်း အပြောင်းအလဲ လုပ်ထားပေမယ့် ရုရှားကတော့ အင်္ဂလန်နဲ့ ကစားတုန်းက လူစာရင်းကို အဓိက အသုံးပြု သွားပါတယ်။
ဆလိုဗက်ကီးယား အတွက် ဒုတိယဂိုးကို ၄၅ မိနစ်မှာ တိုက်စစ်မှူး ဟမ်ဆစ်က သွင်းယူပါတယ်။
ရုရှားအသင်းဟာ ဒုတိယပိုင်းမှာ ချေပဂိုးသွင်းနိုင်ဖို့ ကစားသမား ၃ ယောက်အထိ အပြောင်းအလဲလုပ်ခဲ့ပေမယ့် မိနစ် ၈၀ ကျမှ ချေပဂိုးတဂိုးပဲ သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားရတာပါ။
ဒီပွဲရှုံးလို့ ရုရှားအသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ ဝေးလ်စ်အသင်းနဲ့ပွဲမှာ အနိုင်ကစားနိုင်မှ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/154953





No comments:
Post a Comment