
ယူရိုပြိုင်ပွဲ အုပ်စု အေ ဒုတိယ ပွဲစဉ်မှာ အိမ်ရှင် ပြင်သစ် အသင်းဟာ ပွဲပြီး ကာနီးမှာ သွင်းတဲ့ အနိုင်ဂိုးတွေနဲ့ အယ်လ်ဘေးနီးယားကို အနိုင်ရ သွားပါတယ်။
ပြင်သစ် အတွက် အနိုင်ဂိုး တွေကို မိနစ် ၉၀ မှာ တိုက်စစ်မှူး ဂရစ်ဇ် မန်း၊ ၉၆ မိနစ်မှာ တောင်ပံ ကစားသမား ပေရက်က သွင်းယူ ပါတယ်။
ဒီပွဲနိုင်တဲ့ ပြင်သစ်ဟာ အုပ်စုတွင်းမှာ ၂ ပွဲ ဆက်တိုက်နိုင်ပြီး ၆ မှတ်နဲ့ ရှုံးထွက်အဆင့်ကို ပထမဆုံး တက်ရောက်သွားတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အယ်လ်ဘေးနီးယားကတော့ ၂ ပွဲဆက်တိုက် ရှုံးထားလို့ အုပ်စုအဆင့်ကနေ လှည့်ပြန်သွားရပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ ပြင်သစ် တဘက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
ပြင်သစ်ဟာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/154950





No comments:
Post a Comment