
ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ဂျာမန် ကလပ် ဒေါ့မွန်နဲ့ ပေါ်တူဂီ ကလပ် ဘင်ဖီကာတို့ မနေ့ညက ယှဉ်ပြိုင်ရာ ဒေါ့မွန်က တိုက်စစ်မှူး အော်ဘာ မီယန်းရဲ့ ဟက်ထရစ် အပါ အဝင် ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ဒေါ့မွန်ဟာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီး ရခဲ့ပါတယ်။
ပထမအကျော့က ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတဲ့အတွက်လည်း ဒေါ့မွန်တို့ ဒီပွဲမှာ အားစိုက်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။
ဒေါ့မွန်အတွက် ဂိုးတွေကို ပွဲချိန် ၄ မိနစ်၊ ၆၁ မိနစ်နဲ့ ၈၅ မိနစ်တွေမှာ တိုက်စစ်မှူး အော်ဘာမီယန်း တဦးတည်း ၃ ဂိုး သွင်းယူပေးခဲ့ပြီး ၅၉ မိနစ်မှာ ပူလီဆစ်က တဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒေါ့မွန်ဟာ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၁ ဂိုး ဘင်ဖီကာကိုနိုင်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/193774

No comments:
Post a Comment